Back to All Events

စုပေါင်းကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ ဖိတ်ကြားခြင်း

  • Sasana Ramsi Vihara 83 Booth Road NW9 5JU (map)

လန်ဒန်မြို့ သာသနရံသီဝိဟာရတွင် ပုရိမ ဝါဆို၍ ပုရိမဝါမှ ထမြောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များ ကထိန်ကံဆောင် ပင့်သံဃာတော် (၆)ပါး အပါအဝင် ဗုဒ္ဓမြတ်ရှင်နှင့်တကွ ထေရ်အရှင်မြတ်တို့အား ကထိန်ဥာဏ်သင်္ကန်းကြီးနှင့် လှူဒါန်းလိုရာ ဒါနဝတ္ထု အစုစုတို့ဖြင့် လှူဒါန်းပွဲ သာသနာနုဂ္ဂဟ ပြုကြမည်ဖြစ်ရာ သာသနဆွေမျိုးအပေါင်းလည်း တအတူတကွလာရောက်လှူဒါန်းနိုင်ကြပြီး အတူတကွ ပရိတ်တော်တရားတော်နာ သာဓုအနုမောဒနာခေါ်ဆိုကြွရောက်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

သာသနရံသီနှင့် သာသနာအတူပြုကြသော လန်ဒန်မိသားစုများပေါင်းစု၍ မြန်မာဟင်းမျိုးစုံစွာ ဧည့်ခံကျွေးမွေးလှူဒါန်းကြပါမည်။

နေ့ရက်
၂၇ အောက်တိုဘာ ၂ဝ၁၈

အချိန်
နံနက် ၁၁ နာရီမှ နေ့လည် ၂ နာရီထိ

နေရာ
သာသနရံသီဝိဟာရ

83 Booth Road,

Colindale, NW9 5JU

Earlier Event: October 24
Abidhamma Day
Later Event: November 17
Sasana Ramsi Kahtina Day