Back to All Events

ကဆုန်လပြည့်နေ့ ကုသိုလ်ယူပွဲ

  • Sasana Ramsi Vihara 83 Booth Road NW9 5JU London (map)

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓမြတ်စွာ ဖွားတော်မူသောနေ့၊ ပွင့်တော်မူသောနေ့၊ ပရိနိဗ္ဗာန်ဝင်စံသောနေ့ စသည့် ကြီးကျယ်ထူးခြားသော ဗုဒ္ဓနေ့ဖြစ်ပါတယ်။ ထိုကြောင့် သာသနာ့ရံသီဝိဟာရ Colindale ဘုန်းကြီးကျောင်းတွင် ကိန်းဝပ်စံပါယ်နေသော မဟာဇေယျသုခအောင်မြင်ချမ်းသာ ဗုဒ္ဓရုပ်ပွားတော်ကြီးကို ဆရာတော် များမှ ဦးဆောင်ပြီး ပဌာန်းဒေသနာတော်များ ပူဇော်ခြင်း သစ်သီး ၊ ပန်း ၊ရေချမ်း၊ဆီးမီးများဖြင့်ပူဇော်ရှိခိုးခြင်း ၊ ဝေနေယျ သတ္တဝါများအား မေတ္တာပို့ အမျှဝေခြင်းများ ဖြင့် ကောင်းမှုကုသိုလ်များ ပြုလုပ်ပြီး ဗုဒ္ဓမြတ်စွာအား ပူဇော်ရှိခိုးကြမည့်ဖြစ်ပါသောကြောင့် မိမိတို့ တတ်အားသမျှ သစ်သီးပန်းများယူဆောင်ပြီး ကုသိုလ် ရယူနိုင်ကြပါကြောင်း နိဗ္ဗာန်ကို အကျိုးမျှော်ပြီး နှိုးဆော်လိုက်ရပါသည်။

ဗုဒ္ဓနေ့ရတုဗုဒ္ဓနေ့ကဗျာကလေးကဗျာအသံသာ