နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ဆရာတော်အား ဂါရဝပြုတွေ့ဆုံ

ယနေ့ နိုင်ငံတော်၏  အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လန်ဒန်မြို့တွင် မြန်မာမိသားစုများနှင့်နွေးထွေးစွာ တွေ့ဆုံအပြီး သာသနရံသီဝိဟာရ လန်ဒန်ဆရာတော် ဦးဥတ္တရ၏ မေတ္တာပို့သမှုကို ခံယူခြင်း

လန်ဒန်ဆရာတော်မှ ဒါယိကာမကြီးဒေါ်အောင်ဆန်းစုကြည် ကျန်းမာချမ်းသာစေကြောင်းနှင့် ဘေးဘယာဝေးကွာပြီး ဆထက်ထမ်းပိုးတိုင်းကျိုးပြည်ကျိုးများ ဆက်လက်စွမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းများ တောင်းပေးခဲ့သည်။

(၉/၅/၂၀၁၇)
လန်ဒန်မြို့
Landmark Hotel

သင်္ကြန်စုပေါင်းအလှူ ရေစက်ချလှူဒါန်းပွဲ ကျင်းပပြီးစီး

နှစ်ကူးသင်္ကြန်ပွဲနှင့် ဈေးရောင်းပွဲတွင် ရရှိခဲ့သော လှူဒါန်းငွေအစုစုအတွက် ရေစက်ချလှူဒါန်းပွဲလေးကို သာသနရံသီဝီဟာရတွင် ယနေ့ကျင်းပခဲ့ပါတယ်။

ကြွရောက်လာသည့် ဧည့်သည်များကို မြီးရှည်၊ မုန့်လုံးရေပေါ်၊ ရေခဲသုပ်စသည့် မြန်မာ့ရိုးရာစားစရာစုံလင်စွာဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြပါတယ်။

နှစ်ကူးအတာသင်္ကြန်ပွဲနှင့် သံဃာ့ဒါန ဆွမ်းလောင်းပွဲကျင်းပပြီးစီး

သာသနရံသီဝိဟာရ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် နှစ်တူးအတာသင်္ကြန်ပွဲတော်နှင့် သံဃာ့ဒါနဆွမ်းဆန်တော်လောင်းလှူပွဲကို ၂၀၁၇ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က လန်ဒန်မြို့ Mill Hill အရပ်ရှိ Copthall School တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။